၂၀၂၀ ပြည့်နှစ်၊ ပထမ ၄ လအတွင်း နိုင်ငံပေါင်း ၁၄၈ နိုင်ငံသို့ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးမဟုတ်သော ပြည်ပတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှု (Non- Financial Outbound Direct Investment- ODI) ပမာဏသည် ယွမ် (၂၃၃.၄၁) ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄.၆၄ ဘီလီယံ) ရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၃.၃) ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း၊ အဆိုပါကာလအတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွင် ပါဝင်လျက်ရှိသည့် နိုင်ငံ များသို့ သွားရောက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၄.၆၀) ဘီလီယံရှိခဲ့သည့်အတွက် စုစုပေါင်း ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ၏ (၁၃.၃) ရာခိုင်နှုန်းရှိကြောင်း၊ သွားရောက်ရင်းနှီးမြှုပ်နှံသည့် ကဏ္ဍများမှာ စီးပွား ရေးဝန်ဆောင်မှုကဏ္ဍ၊ လက်လီရောင်းချမှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုနှင့် သတ္တုတွင်းတူးဖော်မှုကဏ္ဍများဖြစ်ကြောင်း တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)
ရင်းမြစ်။ http://www.chinadaily.com.cn/a/201905/16/WS5cdd2709a3104842260bc16f.html